အကြောသေရောဂါ ခံစားနေရပြီး ဘဝကို ခက်ခဲစွာ ရင်ဆိုင်ရပ်တည်ခဲ့ပုံတွေ၊ ကြီးကျယ်လှသော တွေ့ရှိချက်များစွာကို ဖော်ထုတ်နိုင်ခဲ့သော လူတော်တစ်ယောက်အကြောင်း ပီပီပြင်ပြင် ပုံဖော်ထားသော ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါသည်။
မြောက်များစွာသော ရုပ်ရှင်ဆိုင်ရာ ဆုတွေကို ဆွတ်ခူးနိုင်ခဲ့သည်။ အဓိက သရုပ်ဆောင် ဖြစ်သော Eddie Redmayne ၏ စတီဖင်ဟော့ကင်းနေရာတွင် သရုပ်ဆောင်ချက်များက ထူးခြားပြောင်မြောက်လှပါသည်။ IMDb rating 7.8 ရရှိထားသည်။
ဒီရုပ်ရှင်ကို Channelmyanmar.com ဝက်ဘ်ဆိုက်ကနေ မြန်မာစာတန်းထိုး ကြည့်လိုက်ရတာပါ။ မြန်မာဘာသာပြန်လည်း သေသပ်လွန်းလှသည်မှာ ချီးကျူးစရာကောင်းသည်။ သိမ်းထားချင်လို့ ဒေါင်းလုတ်ဆွဲယူထားပြီး Pcloud ထဲမှာပဲ ပြန်တင်ထားပေးတယ်။ အောက်က Link ကနေ HD movie အကြည် (1080p) ကိုဆွဲယူနိုင်ပါတယ်။
No comments:
Post a Comment