ဒေတာစင်တာ Infrastructure ကိုလေ့လာရာမှာ အိုင်တီနည်းပညာအပြင် Mechanical
နှင့် Electrical နည်းပညာများကိုလည်း အကျွမ်းတဝင် ရှိနေဖို့
လိုအပ်ပါတယ်။ အိုင်စီတီ နည်းပညာတွေ မြင့်မားလာတာနဲ့အမျှ ဒေတာစင်တာတွေမှာ
နည်းပညာလိုအပ်ချက်တွေ မြင့်မားလာပါတယ်။
ဥပမာအားဖြင့် ယခုနောက်ပိုင်း virtualization တွေခေတ်စားလာတော့
ဒေတာစင်တာတွေလည်း Cloud Data Center တွေအဖြင့် အဆင့်မြှင့်တင်မှုတွေ
လုပ်လာကြရပါတယ်။ အများစုမှာ Fabric-Based နက်ဝေါ့ခ်တွေ ဖြစ်လာကြမယ်၊
ဒေတာသိမ်းဆည်းမှု လိုအပ်ချက်က အဆမတန်ကို မြင့်မားလာမယ့်အတွက် Big Data
စီမံခန့်ခွဲမှုက အရေးပါတဲ့ အခြေအနေကို ရောက်နေပါတယ်။
အဓိက အရေးကြီးသော အချက်က ဒေတာစင်တာတွေမှာ downtime မဖြစ်အောင် စီမံခန့်ခွဲနိုင်ဖို့ လိုပါတယ်။
အတိမ်းအစောင်းမခံနိုင်သော စီးပွားရေး လုပ်ငန်းကြီးတွေ (ဥပမာ- ဘဏ်လုပ်ငန်း၊
စတော့အိတ်ချိန်း .. စသည်ဖြင့်) တို့က downtime ကိုလုံးဝ လက်မခံနိုင်ကြပါ။
Downtime ဘာကြောင့်ဖြစ်ရလဲ –
Environment factors : အပူချိန်မြင့်တက်ခြင်း၊ အပူချိန်ထိမ်းညှိပေးသောစနစ် ချို့ယွင်းသွားခြင်း
Hackers, virus attacks : ဆာဗာများ၏ လုံခြုံရေး ချိုးဖောက် ခံရခြင်းနှင့် ဗိုင်းရပ်စ် တိုက်ခိုက်မှုများ
Human errors : ကျွမ်းကျင်မှု မရှိသော ဝန်ထမ်းများကြောင့် အမှားအယွင်း ဖြစ်ရခြင်း
Poor Management : စီမံခန့်ခွဲမှု စနစ် ညံ့ဖျင်းခြင်း
Lack of disaster recovery planning : အရေးပေါ် recovery အစီအစဉ်များ ပြင်ဆင်ထားမှု အားနည်းခြင်း တို့ကြောင့် ဖြစ်ပါတယ်။
ဆက်ပါဦးမည် …