Pages

Thursday, November 6, 2014

1. Data Center Overview

ယ​နေ့​ခေတ် ​စီး​ပွား​ရေး​လုပ်​ငန်း ​အား​လုံး​နီး​ပါး​ဟာ ICT ​အ​ပေါ်​မှာ ​လုံး​လုံး​လျား​လျား ​မှီ​ခို​နေ​ကြ​ပြီ​ဖြစ်​သည်။ ​အဲ​ဒါ​နဲ့​အ​တူ ​ဒေ​တာ​စင်​တာ​တွေ​ဟာ​လည်း ​အ​ဓိ​က ​အ​ရေး​ကြီး​တဲ့ ​အ​စိတ်​အ​ပိုင်း​အ​နေ​နဲ့ ​ပါ​ဝင်​လာ​ပြီ ​ဖြစ်​ပါ​တယ်။


What is Data Center ?
​ဒေ​တာ​စင်​တာ​ဆို​တာ ​အိုင်​စီ​တီ ​လုပ်​ငန်း​တစ်​ခု ​လည်​ပတ်​ဖို့​အ​တွက် ​နောက်​ကွယ်​က ​ပံ့​ပိုး​ပေး​နေ​တဲ့ ​အ​ဓိ​က ​အ​ရေး​ကြီး​တဲ့ ​အ​ခြေ​ခံ​အ​ဆောက်​အ​အုံ ​ဖြစ်​တယ် ​လို့​ပြော​နိုင်​ပါ​တယ်။ ​ဥ​ပ​မာ​အ​လွယ်​ပြော​ရ​ရင် ​ကျ​နော်​တို့ ​ဝက်ဘ်​ဆိုက်​တစ်​ခု ​အင်​တာ​နက်​ပေါ်​လွှင့်​တင်​ထား​တယ် ​ဆို​ကြ​ပါ​စို့ .. ​ဝက်ဘ်​ဆိုက်​အ​တွက် ​ကျ​နော်​တို့​သွင်း​ထား​တဲ့ ​ဒေ​တာ​တွေ (​စာ​သား​တွေ၊ ဓာတ်ပုံတွေ၊ application​တွေ) ​ကို ​သိမ်း​ထား​ဖို့ ​အ​တွက် Hosting ​လို​ပါ​တယ်။ ​ပြော​ရ​ရင် Web Server ​တစ်​ခု​ထဲ​မှာ ​သိမ်း​ကြ​မှာ​ပေါ့ .. ​ဝက်ဘ်​ဆိုက်​ကို 24 ​နာ​ရီ access ​လုပ်​နိုင်​ဖို့​အ​တွက် Web server ​ကို​လည်း 24 ​နာ​ရီ run ​ထား​ရ​မှာ​ဖြစ်​ပါ​တယ်။ ​ဒီ​တော့ ​ဒီ​လို​ဆာ​ဗာ​တွေ​ကို ​ဒေ​တာ​စင်​တာ​ထဲ​မှာ ​ထား​ကြ​ရ​တယ်။ ​ကိုယ့်​ဆာ​ဗာ​ကို ​ကိုယ့်​ဟာ​ကိုယ် ​အိမ်​ထဲ​မှာ / ​ဒါ​မှ​မ​ဟုတ်​ရုံး​မှာ​ပဲ ​ထား​လို့​မ​ရ​ဘူး​လား ​ဆို​ရင်​တော့ ​ရ​တော့​ရ​ပါ​တယ် ​လို့​ပဲ ​ဖြေ​ရ​မယ်။ ​ဒါ​က ​ကိုယ့်​ဆာ​ဗာ​ရဲ့ ​အ​ရေး​ကြီး​မှု၊ ​မ​ကြီး​မှု ​နဲ့​လည်း​ဆိုင်​ပါ​တယ်။ 24 ​နာ​ရီ ​အချိန်ပြည့် ​ပါ​ဖော​မန့်​ကောင်း​ကောင်း​နဲ့ run ​နိုင်​ဖို့ ​အ​တွက် ​ပြည့်​စုံ​တဲ့ ​ပတ်​ဝန်း​ကျင်​ကို ​ဒေ​တာ​စင်​တာ​တွေ​က ​ပံ့​ပိုး​ပေး​ပါ​တယ်။ ​လျော့​ချ​ထား​တဲ့ ​ပတ်​ဝန်း​ကျင် ​အ​ပူ​ချိန်၊ ​အ​ရေး​ပေါ် Power backup (UPS, ​မီး​စက် ​စ​သည်​ဖြင့်) ​နှင့် ​အ​ခြား​သော ​ထောက်​ပံ့​မှု ​များ​စွာ​အ​ပြင် ​ဆာ​ဗာ​တွေ​ရဲ့ ​လုံ​ခြုံ​ရေး​ကို​လည်း ​ထောက်​ပံ့​ပေး​ပါ​တယ်။
​တ​နေ့​တ​ခြား ​ပို​မို​ဖွံ့​ဖြိုး​လား​တဲ့ ICT ​လုပ်​ငန်း​တွေ​ရဲ့ ​တောင်း​ဆို​ချက်​အ​ရ ​ဒေ​တာ​စင်​တာ​တွေ​ဟာ ​ပို​မို​အ​ရေး​ပါ​လာ​ပြီး ​လို​အပ်​ချက်​လည်း ​မြင့်​မား​သ​ထက် ​မြင့်​မား​လာ​တာ​ကို ​တွေ့​ရ​ပါ​တယ်။ ​ဒေ​တာ​စင်​တာ ​တစ်​ခု​တည်​ဆောက်​ဖို့​အ​တွက် ​အ​ခြေ​ခံ​လို​အပ်​ချက်​လည်း ​များ​စွာ​ရှိ​ပါ​တယ်။ ​ကုန်​ကျ​စ​ရိတ်​လည်း ​မြင့်​မား​သော​ကြောင့် ​ထို​လို​အပ်​ချက်​များ ​မ​ပြည့်​စုံ​လျင် ​ရင်း​နှီး​မြှပ်​နှံ​သူ​များ​က ​စဉ်း​စား​လေ့ ​မ​ရှိ​ကြ​ပေ။ ​ဥ​ပ​မာ​ပေး​ရ​ရင် South Pacific ​ဒေ​သ​တစ်​ခု​လုံး​ရဲ့ ​ထက်​ဝက်​ကျော်​ကျော်​သော ​ဒေ​တာ​စင်​တာ​များ​ဟာ Singapore ​ဆို​တဲ့ ​ကျွန်း​သေး​သေး​လေး​မှာ​ရှိ​တာ​ပါ။ Regional ​ရုံး​ချုပ်​တွေ​ကို​လည်း Singapore ​မှာ​ပဲ ​လာ​ဖွင့်​ကြ​ပါ​တယ်။ Microsoft, Google, Amazon, Facebook ​စ​တဲ့ ​က​မ္ဘာ​ကျော် ​အင်​တာ​နက် Company ​များ​က​လည်း Singapore ​မှာ ၄င်း​တို့​ကိုယ်​ပိုင် ​ဒေ​တာ​စင်​တာ​များ ​လာ​ရောက်​ထား​ရှိ​ကြ​ပြီး​ဖြစ်​ပါ​တယ်။ ​ဒေ​တာ​စင်​တာ​တွေ​ကို ​တည်​ဆောက်​ဖို့ Singapore ​ကို​မျက်​စိ​ကျ​ရ​ခြင်း ​အ​ကြောင်း​က​လည်း ​အောက်​ပါ​အ​ချက်​တွေ​ကြောင့် ​ဖြစ်​ပါ​တယ်။
Natural Disaster
​င​လျင်၊ ​မုန်​တိုင်း ​စ​သော ​သ​ဘာ​ဝ​ဘေး​များ ​သာ​မန်​အား​ဖြင့် Singapore ​တွင်​ဖြစ်​လေ့​ဖြစ်​ထ ​မ​ရှိ​ပါ​ဘူး။
Electricity
​ပင်​မ​လျပ်​စစ်​လိုင်း stable ​ဖြစ်​ဖို့​က ​ဒေ​တာ​စင်​တာ​များ​အ​တွက် ​အင်​မ​တန် ​အ​ရေး​ကြီး​သည်။ Singapore ​က ​အ​ချိန်​ပြည့် electricity ​ရ​နိုင်​ဖို့​အ​တွက် ​အာ​မ​ခံ​ချက်​ရှိ​သည်။
International Bandwidth
​နိုင်​ငံ​တ​ကာ​နှင့် ​ဆက်​သွယ်​ထား​သော ​ပင်​လယ်​ရေ​အောက် ​အင်​တာ​နက် ​ကေ​ဘယ်လ်​လိုင်း​များ​စွာ​တို့​၏ ​ဆုံ​ချက်​သည် Singapore ​တွင်​ဖြစ်​သည်။


Labour Market
​အ​လွှာ​စုံ ​ကျွမ်း​ကျင်​ပ​ညာ​ရှင် / ​အ​လုပ်​သ​မား​များ ​ခန့်​အပ်​ရန် Singapore ​တွင် ​ခက်​ခက်​ခဲ​ခဲ ​ရှာ​ဖွေ​ရန်​မ​လို​အပ်​ပေ။
Real estate markets
​မြေ​နေ​ရာ​ငှား​ရမ်း/​ဝယ်​ယူ ​ရာ​တွင် Singapore ​၏ ​အ​နေ​အ​ထား​သည် ​ဒေ​သ​တွင်း​နိုင်​ငံ​များ​နှင့် ​ယှဉ်​ပါ​က ​အ​တန်​ငယ် ​မြင့်​မား​သော်​လည်း ​အ​စိုး​ရ​၏ Data Center environment ​ဖွံ​ဖြိုး​လာ​အောင် ​စီ​စဉ်​ပေး​သော ​ဆောင်​ရွက်​ချက်​များ​က ​များ​စွာ ​သက်​တောင့်​သက်​သာ ​ဖြစ်​စေ​သည်။ Jurong ​ဒေ​တာ​စင်​တာ​ဇုန် ​ကို Singapore ​အ​စိုး​ရ​က ​ဖော်​ထုတ်​ကာ Data Center Operator Company ​ကြီး​များ​ကို ​ဖိတ်​ခေါ်​ခဲ့​သည်။
Services & Suppliers
​နည်း​ပ​ညာ​ပိုင်း​ဆိုင်​ရာ ​နှင့် hardware ​လို​အပ်​ချက်​များ​အ​တွက် Singapore ​တွင် ​မြောက်​များ​လှ​စွာ​သော Supplier ​Company ​များ ​အ​ဆင်​သင့် ​ရှိ​နှင့်​နေ​ပြီး​သား​ဖြစ်​၏။
Quality of life
Singapore ​သည် ​နိုင်​ငံ​ရေး ​တည်​ငြိမ်​သော ​နိုင်​ငံ​ဖြစ်​သည်။ ​ပြည်​တွင်း​စစ် ​ဖြစ်​ပွား​နေ​ခြင်း​မျိုး​လည်း ​မ​ရှိ​ပဲ ​လူ​နေ​မှု​အ​ဆင့်​မြင့်​မား​သော ​နိုင်​ငံ​ဖြစ်​သည်။
Security and public safety
​တ​ရား​ဥ​ဒေ​စိုး​မိုး​မှု ​မြင့်​မား​သော ​နိုင်​ငံ​ဖြစ်​သည်။ ​​လုံ​ခြုံ​ရေး​နှင့် ​ပတ်​သက်​ပြီး ​အာ​မ​ခံ​ချက် ​ပေး​နိုင်​သော​ကြောင့်​လည်း ​ဖြစ်​သည်။

 ​စင်္ကာ​ပူ​ရှိ ​ထင်​ရှား​သော Data Center ​အော်​ပ​ရေ​တာ​များ

​နိုင်​ငံ​တ​ကာ​မှ ​နာ​မည်​ကျော် Operator ​များ ​

ဆက်​ရန် >> ( 2 ) DC Challenges