ပြီးခဲ့တဲ့ စက်တင်ဘာ ၉ရက်နေ့ကနေ ၁၁ရက်နေ့ထိ သွားဖြစ်ခဲ့တဲ့ ဖူးခက်ခရီးမှာ လက်သရမ်းခဲ့တဲ့ ဓါတ်ပုံလေးတွေဖြစ်၏။ သိပ်ပျော်စရာမရှိသောကြောင့် စာများများ မရေးချင်ပေ။ အစောကြီး အိပ်ယာထ၊ လျောက်လည်၊ ပြန်ရောက် .. ဒီလောက်ပဲဖြစ်သည်။
ဖူးခက်တွင် အလွန်တရာ ရုပ်ချော၊ သဘောကောင်း၊ စာရေးကောင်းသော ဦးမင်းဒင်ဆိုသော စာရေးဆရာ ရှိလေသည်။ ကြိုတင်အကြောင်းကြားထား၍ လေဆိပ်တွင် လာကြို၏။ စားစရာ အတွက်အရင်ဆုံး ဆိုင်တစ်ဆိုင်သို့ ပို့ပေးပါ၏။ ကျားတံဆိပ် လိန်ပျံက အမှန်တကယ် Budget Airline ပီသလွန်းသည်၊ လေယာဉ်ပေါ်တွင် ရေတောင် အလကားမတိုက်ပါ။
Premium Outlets ဟုဆိုပါသည် .. Branded အဝတ်အထည်များ စုပေါင်းရောင်းချသော နေရာဖြစ်သည်။ အချို့တလေတော့ စင်္ကာပူမှာထက် ဈေးပေါပါသည်။
မြို့တွင်း ..
Hotel နာမည်က Bann Boa Resort ဖြစ်သည်။ ယူထားသောအခန်းက Sea View ဖြစ်၏။ သို့သော် အဲကွန်း မကောင်း၍ အခန်းပြောင်းလိုက်ကာ ဘာဗျူးမှ မရတော့ပေ။
ညဘက် လမ်းလျောက်ထွက်ရင်း ထမင်းစားသည်၊ ဘီယာနည်းနည်း သောက်ပါသည်။ ဆိုင်နာမည် မမှတ်မိတော့ပါ။ ထိုဆိုင်တွင် Jambo Survivors ဟုအမည်ရသော ဂျမေကာမှလာသော မမမဲမဲ နှစ်ယောက် ဒွန့်ရင်း ဖျော်ဖြေပါ၏။ မိုက်သည် ....
နာမည်ကြီး ဘန်ဂလာလမ်းကိုလည်း ဦးမင်းဒင် နတ်လမ်းညွှန်ထား၍ လျောက်ဖြစ်အောင် လျောက်ကြသည်။ လမ်းလျောက်ယုံသာ ဖြစ်ပါသည်။
မနက်စောစောထပြီး လာကြိုသည့်ကားနှင့် လှေဆိပ်သို့သွားသည် .. ဖီဖီကျွန်းသို့ သွားဖို့ဖြစ်၏။
လှေကြီးပေါ်မှာ .. ကြိုက်ရာခုံထိုင် ဦးရာလူစနစ် ဖြစ်ပါသည်။ ခုံနံပါတ် မပေးပါ။
ထမင်းကျွေးမည့်ကျွန်းသို့ လှေအကြီးက ရေတိမ်၍ ကပ်လို့မရပါ။ ရေလည်တွင်ရပ်ပြီး လှေငယ်ကလေးများဖြင့် သွားရသည်။
Snorkeling လုပ်ရန် တစ်နာရီခန့် အချိန်ပေး၍ လိုက်ပို့ပေးသည်။ ရေငုပ်ခြင်းမဟုတ်သလို ရေကူးသလိုလည်း မဟုတ်ပေ .. ရေပေါ်တွင် မှောက်၍ ရေအောက်မှ ငါးများကို ကြည့်ခြင်းသာ ဖြစ်ပေ၏။
ရေလည်းကြည် ပေသည် .. နေလည်း ပူလေ၏။
ဘီကီနီလေးများကိုလည်း သေချာ မရှုစားနိုင်ပါ။ ခရီးကိုက မြန်မြန်စား၊ မြန်မြန်လျောက်၊ မြန်မြန်သွား ဖြစ်လေ၏
ဖီဖီကျွန်း လှေဆိပ်ဖြစ်သည် ... ပြန်ရတော့မည် ..
ကျားတံဆိပ်လိန်ပျံကို ချိုးခြံချွေတာ တာမီနယ် (Budget Terminal) မှစီးရပါသည်။