ပြောင်မြောက်လှတဲ့ ဒီဇိုင်းတွေရဲ့ နောက်ကွယ်မှာရှိနေတဲ့ အဓိကဖန်တီးသူကတော့ Jonathan Ive ဆိုတဲ့ ဗြိတိသျှဒီဇိုင်နာပါ။ သူက Apple ကိုအခြားပြိုင်ဘက်တွေထက် သာလွန်ကြီးမားတဲ့ အနေအထားရောက်အောင် အကောင်းဆုံး ပံ့ပိုးပေးခဲ့သူဖြစ်တယ်။
လက်ရှိ Apple ရဲ့ ဒီဇိုင်းဌာနအကြီးအကဲ၊ ဦးဆောင်သူတစ်ယောက်ဖြစ်တဲ့ Jonathan Ive ကို 1967 ဖေဖော်၀ါရီ၊ လန်ဒန်မှာမွေးပါတယ်။ Walton အထက်တန်းကျောင်း၊ Northumbia University တို့မှာ ထုတ်ကုန်ဒီဇိုင်း ပညာရပ်ကို သင်ကြားခဲ့ပြီး 1992 ခုနှစ်မှာ အမေရိကကို ပြောင်းရွေ့လာကာ Apple ကိုရောက်ရှိ အမှုထမ်းခဲ့သူ ဖြစ်ပါတယ်။ 1997 ခုနှစ် Apple ကို Steve Jobs ပြန်လည်ရောက်ရှိလာချိန်မှသာ သူ့ရဲ့အရည်အသွေးကို အသိအမှတ်ပြုခံရပြီး နေရာရလာခဲ့တာလည်း ဖြစ်ပါတယ်။
iMac, iPod ကစပြီး ယခု iPad2, iPhone4 တို့အထိ Jonathan Ive ရဲ့ဒီဇိုင်းတွေ ဖြစ်ပါတယ်။ အဲဒါကြောင့် Daily Telegraph Magazine က အမေရိကရဲ့ သြဇာအလွမ်းမိုးဆုံး ဗြိတိသျှလူမျိုးအဖြင့် သတ်မှတ်ခဲ့ပါတယ်။
2006 ခုနှစ်မှာ ဗြိတိသျှဘုရင်မကြီး အဲလိဇဘက်(၂)ထံမှ CBE ဘွဲ့ကို လက်ခံရရှိခဲ့ပြီး ဘုရင်မကြီးကလည်း iPod ကိုနှစ်သက်စွာ သုံးစွဲနေသူတစ်ဦးလည်း ဖြစ်တယ်လို့ ပြောပါတယ်။
သူဖန်တီးခဲ့တဲ့ ကမ္ဘာတ၀ှမ်းကျော်ကြားခဲ့တဲ့ ထုတ်ကုန်တွေအတွက် Fortune Magazine က 2010 ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဒီဇိုင်နာအဖြင့် သတ်မှတ်ပေးခဲ့ခြင်းပဲ ဖြစ်ပါတယ်။
Ref:
Wikipedia