Pages

Wednesday, August 10, 2011

ကိုယ်ပိုင် ပြက်လုံး

ငါ့ရယ်စရာတစ်ခုကို … ဒီကမ္ဘာမြေဟာ ခံစားငိုညည်း ….
ငါ့ကိုယ်ပိုင်ပြက်လုံးတွေ …. ငါ့ကိုပြန် ရယ်နေဆဲ ….
အိုး ….. နိုး ….
ငါ့ငိုသံကြားချိန် … ဒီကမ္ဘာမြေဟာ ရယ်မောလေပြီ ….
ငါ့ကိုယ်ငါ … ပြန်သိနေ…

* 14 August 2011 မှာထူးအိမ်သင် ကွယ်လွန်တာ ရနှစ်ပြည့်ပါပြီ။

Wednesday, April 6, 2011

Apple’s World Smartest Designer

Apple အောင်မြင်မှုရဲ့ သော့ချက်က Design ဖြစ်ပါတယ်။ iMac, iPod, iPad, iPhone စတဲ့ထုတ်ကုန်တွေမှာ အငြင်းပွားဖွယ် software ပြဿနာအချို့ ရှိခဲ့ပေမယ့် ဒီဇိုင်းပိုင်းကိုတော့ အခြားပြိုင်ဘက်တွေ ယှဉ်ပြိုင်နိုင်စွမ်း မရှိခဲ့တာ အသေအချာပါပဲ။

ပြောင်မြောက်လှတဲ့ ဒီဇိုင်းတွေရဲ့ နောက်ကွယ်မှာရှိနေတဲ့ အဓိကဖန်တီးသူကတော့ Jonathan Ive ဆိုတဲ့ ဗြိတိသျှဒီဇိုင်နာပါ။ သူက Apple ကိုအခြားပြိုင်ဘက်တွေထက် သာလွန်ကြီးမားတဲ့ အနေအထားရောက်အောင် အကောင်းဆုံး ပံ့ပိုးပေးခဲ့သူဖြစ်တယ်။


လက်ရှိ Apple ရဲ့ ဒီဇိုင်းဌာနအကြီးအကဲ၊ ဦးဆောင်သူတစ်ယောက်ဖြစ်တဲ့ Jonathan Ive ကို 1967 ဖေဖော်၀ါရီ၊ လန်ဒန်မှာမွေးပါတယ်။ Walton အထက်တန်းကျောင်း၊ Northumbia University တို့မှာ ထုတ်ကုန်ဒီဇိုင်း ပညာရပ်ကို သင်ကြားခဲ့ပြီး 1992 ခုနှစ်မှာ အမေရိကကို ပြောင်းရွေ့လာကာ Apple ကိုရောက်ရှိ အမှုထမ်းခဲ့သူ ဖြစ်ပါတယ်။ 1997 ခုနှစ် Apple ကို Steve Jobs ပြန်လည်ရောက်ရှိလာချိန်မှသာ သူ့ရဲ့အရည်အသွေးကို အသိအမှတ်ပြုခံရပြီး နေရာရလာခဲ့တာလည်း ဖြစ်ပါတယ်။


iMac, iPod ကစပြီး ယခု iPad2, iPhone4 တို့အထိ Jonathan Ive ရဲ့ဒီဇိုင်းတွေ ဖြစ်ပါတယ်။ အဲဒါကြောင့် Daily Telegraph Magazine က အမေရိကရဲ့ သြဇာအလွမ်းမိုးဆုံး ဗြိတိသျှလူမျိုးအဖြင့် သတ်မှတ်ခဲ့ပါတယ်။


2006 ခုနှစ်မှာ ဗြိတိသျှဘုရင်မကြီး အဲလိဇဘက်(၂)ထံမှ CBE ဘွဲ့ကို လက်ခံရရှိခဲ့ပြီး ဘုရင်မကြီးကလည်း iPod ကိုနှစ်သက်စွာ သုံးစွဲနေသူတစ်ဦးလည်း ဖြစ်တယ်လို့ ပြောပါတယ်။

သူဖန်တီးခဲ့တဲ့ iPhone နဲ့ပတ်သက်ပြီး 2007 ခုနှစ်နဲ့ 2008 ခုနှစ်တို့မှာ ဒီဇိုင်းဆိုင်ရာ အဖွဲ့အစည်းများထံမှ ဒီဇိုင်းဆုများစွာ ချီးမြင့်ခြင်းခံခဲ့ရပြီး 2009 ခုနှစ်မှာ Rhode Island School of Design နှင့် Royal College of Art တို့မှ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့များ လက်ခံရရှိခဲ့ပါတယ်။

သူဖန်တီးခဲ့တဲ့ ကမ္ဘာတ၀ှမ်းကျော်ကြားခဲ့တဲ့ ထုတ်ကုန်တွေအတွက် Fortune Magazine က 2010 ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဒီဇိုင်နာအဖြင့် သတ်မှတ်ပေးခဲ့ခြင်းပဲ ဖြစ်ပါတယ်။

Ref:
Wikipedia